ကျွန်တော့်ဆိုဒ်ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ် ဒီဆိုဒ်လေး၏ရည်ရွယ်ချက်ကတော့ နည်းပညာလေ့လာသူ ညီအစ်ကိုမောင်နှမအားလုံးအတွက် တစ်နေရာထဲမှ စုစုစည်းစည်း ဖော်ပြချင်လို့ပါ ပြန်လည်ဝေမျှခြင်းဖြစ်သဖြင့် နားလည်ပေးနိုင်ပါစေ


Showing posts with label Photoshopနည်းလမ်း. Show all posts
Showing posts with label Photoshopနည်းလမ်း. Show all posts

Wednesday, January 22, 2014

Photoshop နဲ့ Photo Background ပြောင်းနည်းနှင့် ပုံအရိပ် ဖြစ်အောင်လုပ်နည်း



ပုံမှာပြထားတဲ့ လိုမျိုး လုပ်တတ်ချင်တဲ့ သူငယ်ချင်းတွေ အတွက် တင်ပေးလိုက်တာပါ။ ကျနော် လုပ်ထား တာတော့ Photoshop CS5 နဲ့ပါ။ Photoshop CS5 ကို လိုချင်ရင်တော့ ဒီလင့်မှာ ၀င်ဒေါင်းနိုင်ပါတယ်။ ပုံနောက်ခံ ပြောင်းတာက သိပ်မခက်ပါဘူး။ ပုံ Quality ကောင်းရင် Tool တွေက Auto အလုပ်လုပ်ပါတယ်။ ပုံ Quality နိမ့်ရင်တော့ နဲနဲ လက်ဝင်ပါတယ်။
အခုတင်ပေးလိုက်တဲ့ စာအုပ်က နောက်ခံပြောင်းတာရော ပုံအရိပ် ဖြစ်အောင် လုပ်တာပါ နှစ်ခုလုံး အထောက် အကူပြု တဲ့ နည်းလေးဖြစ်ပါတယ်။ PDF တင်မက Video ဖိုင်ပါတွဲတင်ပေးထားတာပါ။ ကြိုက်နှစ်သက်ရာ ကြည့်ပြီး လေ့လာနိုင်ပါတယ်။ 
နည်းတင်တယ်ဆိုပြီး အထင်မကြီးနဲ့နော် ကိုယ်တိုင်ရေးတာ မဟုတ်ဘူးဗျ။ ရန်ကုန်သား(နဂါးစိမ်း) ဆိုဒ်ကနေ စာအုပ်ကို သွားမလာတာ.. ဟိဟိ။ လုပ်နည်း Video ဖိုင်ပါ တွဲတင်ပေးထားတာ ဆိုတော့ လေ့လာတဲ့ သူတွေလည်း အရမ်းအဆင်ပြေပါတယ်။
စိတ်ဝင်စားရင် စာအုပ်နဲ့ Video ဖိုင်ကို အောက်ကလင့်မှာ စိတ်ကြိုက်ဒေါင်းယူနိုင်ပါပြီ။
>>>>>Download Now<<<<<
အားလုံးအဆင်ပြေပါစေ.......။

Tuesday, January 21, 2014

Photoshop ဖြင့်ဓါတ်ပုံများကို အရိပ်ထွက်အောင် ဖန်တီးခြင်း


ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ.. ဆော့ဝဲလ်တွေပဲ အများဆုံး တင်ပေးဖြစ်နေတာ.. ဒီနေ့တော့ Photoshop လေ့ကျင့်ခန်းလေးတွေ မျှော်လင့်နေတဲ့ သူငယ်ချင်းများအတွက် လေ့လာလို့ အဆင်ပြေမယ့်.. လွယ်ကူ၊ ရှင်းလင်းမယ့် နည်းလမ်းလေးကို စဉ်းစားရင်း.. ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့ ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။ စာတွေအများကြီး ရေးမနေတော့ပါဘူး.. အောက်ကပုံလေးတွေ အတိုင်းသာ လိုက်လုပ်ကြည့်ကြပါဗျာ.. တဆင့်ချင်းစီပြထားလို့ ပုံတွေတော့ နည်းနည်းများပါတယ်.. ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း နောက်တင်မယ့် ပိုစ့်မှာ PDF ဖိုင်နဲ့  စုပြီးပြန်လည် ထုတ်ပေးသွားပါအုန်းမယ်..
ကျနော် ဒီလေ့ကျင့်ခန်းလေးကို Photoshop CS3 Portable နဲ့ ဖန်တီးပြထားတာ ဖြစ်ပါတယ်.. Photoshop Portable တွေထဲမှာတော့ ဒီ CS3 လေးက အတော်လေး အသုံးပြုရ အဆင်ပြေလို့ပါ.. ကျနော့်ဆိုဒ်ထဲမှာ တင်ပေးထားတာ ရှိပါတယ်.. လိုအပ်တဲ့သူများ ဒီနေရာကနေ သွားယူလိုက်ပါဗျာ.. Photoshop CS3 ရှိပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စလိုက်ကြရအောင်..
Photoshop CS3 ကိုဖွင့်ပါ.. အောက်ကပုံအတိုင်း မိမိတို့ ပြုလုပ်ချင်တဲ့ ပုံတပုံကို ယူလိုက်ပါ.. ကျနော်ကတော့ ကာတွန်းပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..


အပေါ်ကအတိုင်း ပုံတပုံယူပြီးရင်တော့.. အောက်ကအတိုင်း Photo ဆိုဒ်နဲ့ စာရွက်အလွတ် တရွက် ယူပါ..


ဒီနေရာမှာ မိမိတို့ ယူလိုက်တဲ့ စာရွက် အဖြူတရွက်ကို ဘယ်လို အရောင်ပြောင်းမလဲ ဆိုတာပါ.. လမ်းကြုံတုန်း တခါတည်း လုပ်ပြသွားပါမယ်.. အောက်ကပုံအတိုင်း Color Picker (Foreground Color) ဘောက်စ်လေးပေါ်အောင် A နေရာက အပေါ်ဘက်(ရှေ့ဘက်) ပုံလေးကို ၂ချက်တောက်လိုက်ပါ.. Color Picker (Foreground Color) ဘောက်စ်ပေါ်လာရင် ပုံမှာပြထားတဲ့ အတိုင်း မိမိတို့ ကြိုက်တဲ့ အရောင်ကို ယူပြီး OK ပေးလိုက်ပါ.. ဒီမှာတော့ အနီရောင်နဲ့ လုပ်ပြထားပါတယ်..


ကျနော်ယူလိုက်တဲ့ အနီရောင်လေး စာရွက်အဖြူပေါ်ရောက်ဖို့ ကီးဘုတ်က Alt+Delete ကီးကိုတွဲနှိပ်ပါတယ်..။ အောက်ကပုံအတိုင်း စာရွက် အဖြူရောင်ကနေ အနီရောင် ပြောင်းသွားတာကို မြင်ရပါပြီ..


နောက်တခုက နောက်ကာလာကို ပြန်ပြောင်းချင်ရင်.. ဒီမှာတော့ ကျနော်က တခါတည်း ပြလက်စနဲ့ နောက်ဘက်အဖြူကိုပါ အရောင်ပြောင်းလိုက်ပါတယ်.. အောက်ကပုံအတိုင်း အောက်ဘက် အဖြူရောင်နေရာကို ၂ချက်တောက်လိုက်ပြန်ပါတယ်..။ အောက်ဖက်က ဖြစ်တဲ့ အတွက် ပေါ်လာတဲ့ ဘောက်စ်ကလည်း   Color Picker (Background Color) လို့ စာသားပါပြောင်းသွားပါတယ်..။ အဲ့ဒီထဲမှာ မိမိတို့ ကြိုက်တဲ့ ပြောင်းချင်တဲ့ အရောင်ကိုယူပါ.. ကျနော်ကတော့ အပြာရောင်ကို ပုံမှာပြထားတဲ့ အတိုင်း ယူလိုက်ပါတယ်..။


၂ချက်တောက်ရမယ့်နေရာမှာ အနီရောင်နဲ့ အပြာရောင် ၂ခုဖြစ်သွားပါပြီ..။ အနီရောင်ကနေ အောက်ဖက် အပြာရောင်ကို ပြန်ပြောင်းချင်ရင်တော့ ကီးဘုတ်မှ Ctrl+Delete ကီးကို တွဲနှိပ်လိုက်ရင် အောက်ကပုံအတိုင်း အနီရောင်ကနေ အပြာရောင် ပြောင်းသွားပါပြီ.. ဘယ်အရောင်ပဲ ထည့်ထည့် လုပ်ရမယ့် နည်းကတော့ ဒီအတိုင်းပါပဲ..။ ဒီအဆင့်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်..


ဒါပေမယ့် ကျနော်က အဲ့ဒီအနီတို့ အပြာတို့နဲ့ မလုပ်ပါဘူး.. ဘာလို့လဲဆိုတော့ အရိပ်ထွက်အောင် လုပ်မှာဖြစ်တဲ့အတွက် နေထိုးနေတဲ့ နောက်ခံလေးကို ယူမှာပါ..။ ဒါကြောင့် အောက်ကပုံအတိုင်း 1 နေရာမှာ Right Click ထောက်ပြီး နောက်ခံ နေထိုးနေတဲ့ ဒီဇိုင်းလေးကို စယူပါမယ်.. 3 နေရာမှာတော့ ကလစ်ပြီး Sample ကနေ သွားယူလိုက်ရင် အဖြူနဲ့ စပ်ထားတဲ့ အရောင်မျိုးစုံကို ရွေးယူလို့ ရပါတယ်.. ဟိုအရင်တုန်းက တင်ပေးပြီးသားဖြစ်တဲ့ Photoshop ဖြင့်စာလုံး ဒီဇိုင်းများ ဖန်တီးခြင်း ပိုစ့်မှာ သေချာရှင်းပြထားပါတယ်.. လိုအပ်ရင်ပြန်ကြည့်လိုက်ပါ..။ အခုဒီမှာလည်း အဲ့ဒီနည်း တိုင်းပါပဲ.. နေထိုးနေတဲ့ ဒီဇိုင်းလေးတခုကို အောက်ကပုံအတိုင်း ကျနော်ယူလိုက်ပါတယ်..။ 5 နေရာမှာတော့ မောက်စ်မျှားနဲ့ အောက်ဖက်ကို ဖိဆွဲရမှာပါ.. ဒါဆိုရင် အောက်ကပုံအတိုင်း ဒီဇိုင်း တခုကို ရရှိပါပြီ..


ပြီးရင် ကျနော် အစောပိုင်းက ယူထားတဲ့ ပုံလေးတွေထဲက ပုံတပုံကို နောက်ခံအရောင်ကို ဖျက်ပါတော့မယ်..  ပုံရဲ့နောက်ကအရောင်က အဖြူရောင် ဖြစ်တဲ့ အတွက် Eraser Tool ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ထဲက Magic Eraser Tool ကို ပုံမှာပြထားတဲ့ အတိုင်း ကလစ်ပြီး ယူလိုက်ပါတယ်..။ ပုံရဲ့နောက်က နောက်ခံအရောင်တူတဲ့ ကာလာတွေကို ဖျက်တဲ့အခါမှာ ဒီ Magic eraser Tool လေးက အတော်လေး အသုံးဝင်ပါတယ်.. နောက်ခံအဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်တာနဲ့ အရောင်တူတဲ့ အဖြူရောင်တွေအားလုံးကို ဖျက်ပေးပါလိမ့်မယ်..။ အဖြူပဲဖြစ်ဖြစ်၊ အပြာပဲ ဖြစ်ဖြစ် ဒီ Magic eraser Tool လေးက တချက်ထဲနဲ့ အရောင်တူဆို အကုန်ဖျက်ပေးပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်ပါ..


အပေါ်ပုံနဲ့ အောက်ပုံမှာ ပြထားတဲ့ အတိုင်း  Magic eraser Tool ကို ပြောင်းပြီး အရုပ်ရဲ့အောက်က အဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်ပါ..


အောက်ကပုံမှာ နောက်ခံ အဖြူရောင်တွေ မရှိတော့ပါဘူး.. အကွက်လေးတွေ ပြောင်းသွားပါပြီ.. အမဲရောင်ဖြစ်တဲ့ ကြွက်နှုတ်ခမ်းမွေးလေးတွေ ဒီတိုင်း ကျန်နေခဲ့ပါတယ်.. ကျနော်အဲဒါကို လိုချင်လို့ ဒီ Magic eraser Tool နဲ့ ဖျက်ပြတာပါ.. နောက်ခံ အကွက်လေးတွေ ဖြစ်သွားတဲ့ အတွက် ဒီအရုပ်လေးကို Move Tool နဲ့ တခြား စာရွက်ပေါ်ကို ဆွဲယူလို့ ရသွားပါပြီ..


အောက်ကပုံအတိုင်း ဝင်းဒိုး၂ခု(ဘောက်စ်၂ခု) ယှဉ်ထားပြီး A နေရာက Move Tool ကိုတချက်ကလစ်.. B နေရာက အရုပ်ပေါ်မှာ တချက်ဖိထားပြီး.. ဟိုဘက် နေထိုးနေတဲ့ ဒီဇိုင်း စာရွက်ပေါ်ကို အရုပ်ကလေး ဆွဲယူလိုက်ပါတယ်..။


အစိမ်းရောင်ပေါ်ကို ပုံလေး ရောက်သွားပါပြီ.. နှုတ်ခမ်းမွေးတွေ၊ ဆံပင်မွေးတွေ အားလုံးပါလာပါတယ်..။ အောက်ပုံ..


ရောက်လာတဲ့ပုံလေးကို ကီးဘုတ်မှ Ctrl+T နဲ့ အကြီး၊အသေး လိုသလို မိမိတို့ စိတ်ကြိုက် ပြုပြင်ယူလိုက်ပါ.. ပုံမှာပြထားတဲ့ ဘောင်လေး ပျောက်သွားဖို့ Enter ကို ခေါက်ပေးလိုက်ပါ..


Enter ခေါက်ပြီးရင် အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒီနေရာမှာ စပြီး နောက်ကအရိပ်ထွက်အောင် လုပ်ပါပြီ.. အဲ့ဒီတော့ လေယာဘောက်စ်ရဲ့ အောက်ဆုံးက Fx နေရာမှာ တချက်ကလစ်ပြီး Drop Shadow ကိုထပ်ကလစ်ပါ.. ပုံမှာပြထားပါတယ်..


အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် အမှန်ခြစ်ပေးပြီး OK နှိပ်ပါ.. လေယာနေရာမှာ 3 နေရာက Drop Shadow လေးပေါ်လာပါပြီ..။ 


အဲဒီ Drop Shadow ပေါ်မှာ Right Click ထောက်ပြီး.. Create Layer ကိုကလစ်ပါတယ်.. ပေါ်လာတဲ့ ဘောက်စ်မှာ OK ပေးလိုက်ပါ..



ဒါဆိုရင်တော့ Drop Shadow နေရာမှာ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပြောင်းသွားပါပြီ..


အဲ့ဒီ Layer 1's Drop Shadow ကို တချက်ကလစ်ပြီး ကီးဘုတ်မှ Ctrl+T ကိုတွဲနှိပ်လိုက်ပါ..။


ပေါ်လာတဲ့ သူ့ရဲ့ဘောက်စ်လေးထဲမှာ Right Click ထောက်ပြီး Skew ကိုတချက်ကလစ်ပါ..


နောက်ထပ် Right Click ပြန်ထောက်ပြီး အောက်ကပုံအတိုင်း Distort ကို တချက်ကလစ်ပါတယ်..


ပြီးရင်တော့ မျှားပြထားတဲ့ အတိုင်း ဒေါင့်သုံးထောင့်ကနေ ဘေးဘက်ကို ဖြေးဖြေးချင်း ဆွဲထုတ်လိုက်ပါတယ်.. စိတ်တိုင်းကျဖြစ်ရင် Enter ခေါက်လိုက်ပါ..။


အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒါပေမယ့် နောက်က ထွက်လာတဲ့ အရိပ်က သိပ်မဲနေတဲ့ အတွက် Opacity ကနေ ကာလာ လျှော့ပြီး ချိန်ပေးလိုက်ပါ..


အပေါ်ပုံနဲ့ အောက်ပုံမှာ အရိပ်ထွက်လာတာ အရောင်မတူတော့ ပါဘူး.. လိုအပ်ရင် ထပ်ရှော့ပေးလိုက်ပါ.. မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားကို ချိန်ယူလိုက်ပါ.. ကျနော်ပြထားတဲ့ အတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါ..


အောက်ကပုံအတိုင်း ရေးရေးလေးဖြစ်အောင် ထပ်ရှော့ပေးလိုက်ပါတယ်..


စိတ်တိုင်းကျဖြစ်ပြီဆိုရင်တော့ အောက်ကပုံအတိုင်း လေယာတွေ အားလုံးကို ပေါင်းပေးလိုက်ပါ..


အောက်ကပုံမှာတော့ လေယာတခုတည်း ဖြစ်သွားပါပြီ..


သိမ်းတော့မယ်ဆိုရင်တော့ အရင်တုန်းက အတိုင်းပါပဲ.. လေ့လာခါစ လူသစ်တွေအတွက် ဒီနေရာကို ပြန်ပြပေးလိုက်ပါတယ်..။ အောက်ကပုံအတိုင်း File ကနေသွားလိုက်ပါ..


ရှာရလွယ်အောင် Desktop မှာသိမ်းပါတယ်.. 2 နေရာမှာ နာမည်ပေး.. 3 နေရာမှာ JPEG ဓါတ်ပုံဖေါ်မတ်ပြောင်းပြီး Save ကို နှိပ်ပါ..


အောက်ကပုံအတိုင်းပေါ်လာရင် OK ပေးပါ..



အောက်ဆုံးပုံအတိုင်း Desktop မှာ ကျနော်သိမ်းလိုက်တဲ့ ပုံလေး ရောက်နေပါပြီ.. အားလုံးပဲ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို စိတ်တိုင်းကျ ဖန်တီးနိုင်၍ ပျော်ရွှင်ကြပါစေဗျာ.. 
ကျနော် ဒီလေ့ကျင့်ခန်းလေးကို PDF ဖိုင်နဲ့ ထုတ်ပေးလိုက်ပါတယ်.. အင်တာနက်လိုင်း မရှိတဲ့ နေရာတွေမှာလည်း ဒီလေ့ကျင့်ခန်းလေးကို ပြန်လည်ဖတ်ရှု့၊ လေ့ကျင့် နိုင်အောင်လို့ပါ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူထားလိုက်ပါဗျာ..
ဒီဖိုင်လေး ကြာကြာခံအောင် adfly လေး ကြားခံထားပါတယ်.. အောက်ကပုံလေးအတိုင်း ဒေါင်းယူနိုင်ပါတယ်..

Text Effect - Photoshop ဖြင့်စာလုံးဒီဇိုင်းများ ဖန်တီးခြင်း


 ဒီနေ့တော့ Photoshop နဲ့ စာလုံး Design လေးဖန်းတီးပုံကို photoshop အခြေခံလေးတွေ လိုချင်နေတဲ့ သူငယ်ချင်းများအတွက် တင်ပေးလိုက်ပါတယ်..။ သူငယ်ချင်းတွေကလည်း ခဏခဏနပူနစာ တိုက်နေတာနဲ့ မသိသေးတဲ့ သူများနဲ့ အဝေးကသူငယ်ချင်းတွေအတွက် ဒီနေ့ဒီပိုစ့်လေး ကိုတင်လိုက်ရပါတယ်.. လုပ်ပုံလုပ်နည်းကတော့ သိပ်မခက်ပါဘူး..။ အသေးစိတ်ရှင်းပြထားလို့ ပုံတွေတော့ နည်းနည်းများတယ်..။ အပေါ်ကပုံလေးကို ဘယ်လိုဖန်တီးလဲဆိုတာ ကိုတင်ပြသွားပါမယ်..
အရင်ဆုံး Photoshop ရဲ့ File ကနေ New .. အဲဒီကနေ Photo စာရွက်တခုကို စယူပါမယ်..။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..



အောက်ပုံမှာတော့ စာရွက်ဖြူကို အရောင်တင်မှာဖြစ်တဲ့အတွက် ပုံလေးတွေကြည့်ပြီး အဆင့်ဆင့်နှိပ်သွား ပေးလိုက်ပါ..


အောက်ပုံအတိုင်း 3 နေရာက Simple ကိုကလစ်လိုက်ပါ..



အပေါ်ပုံအတိုင်း OK ပေးလိုက်ရင်.. ဆေးရောင်ခြယ်ထားတဲ့ အကွက်လေးတွေ ပြောင်းသွားတာကို အောက်ပုံအတိုင်း မြင်ရပါလိမ့်မယ်.. ပြီးရင်တော့ အောက်ပုံက အနီဝိုင်းထားတဲ့အတိုင်း မိမိတို့ စိတ်ကြိုက် အရောင်တခုကို ကလစ်လိုက်ပါ..


ပြီးရင်တော့ အောက်ပုံအတိုင်း မောက်စ်မျှားဖြင့် ဖိဆွဲပါ..။


ဒါဆိုရင် နေထိုးနေတဲ့ ဒီဇိုင်းလေး စာရွက်တရွက်ရလာပါပြီ... အောက်ကပုံမှာတော့ စာစရေးပါတော့မယ်..။ ဒါကြောင့် နံပါတ်စဉ်တိုင်းနှိပ်သွားပြီး စာလုံးအရောင်ရွေး... စာရေးပါ..



စာလုံးအရောင်နဲ့ စာရေးတာကို အောက်ပုံမှာ ဆက်ကြည့်ပါ..



စာလုံတွေကို  စိတ်ကြိုက်ပုံဖေါ်ဖို့ ဆိုရင်တော့ Type ကိုပြောင်းပေးရပါတယ်.. လုပ်နည်းကို အောက်ပုံမှာ ဆက်ကြည့်လိုက်ပါ..


Type ကိုနှိပ်ပြီးရင်တော့ အောက်ပုံအတိုင်း စာလုံးကို စိတ်ကြိုက်ပြောင်းလို့ ရပါပြီ..



အပေါ်ပုံအတိုင်း ပြီးရင်တော့ စာလုံးကသိပ်မလှသေးပါဘူး.. ဒါကြောင့် အောက်ပုံမှာပြထားတဲ့ အတိုင်း သွားလိုက်ပါ..


Inner Glow ရဲ့ ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း ပြောင်းလဲပေးလိုက်ပါ..။ ဒီနေရာမှာ ဒီပုံအတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး..။ မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် စတိုင်လေးတွေကို ပြောင်းလဲ ရင်လည်း ရပါတယ်..။ စိတ်ကြိုက်လုပ်ပါ.. ပြီးရင်တော့ OK နှိပ်လိုက်ပါ..


အောက်ကပုံမှာတော့ လေယာတခုပွါး လိုက်ပါ.. Ctrl+Alt+Down Arrow နဲ့ လေယာပွါးပါမယ်.. ရှော့ကပ် ကီးကိုနှိပ်လိုက်ရင်တော့ အောက်ပုံအတိုင်း Lwinminbo Copy လေယာ တခုထွက်လာပါပြီ..

 
အောက်ကပုံကတော့ Copy ထွက်လာတဲ့ လေယာကို ပြောင်းပြန်လှန်ချမှာ ဖြစ်ပါတယ်.. ဆက်ကြည့်လိုက်ပါ..



အပေါ်ပုံအတိုင်းပြီးရင်တော့ အောက်ကပုံမှာ လေယာကွက်ထဲက စောစောန အောက်ဆွဲလှန်လိုက်တဲ့ လေယာနဲ့ သက်ဆိုင်တဲ့ Opacity မှာ အနည်းငယ်လျှော့ပေးပါ.... အောက်ရောက်နေတဲ့ စာသားရဲ့ အရောင်ကို လျှော့ပေးမှာဖြစ်ပါတယ်..


Fill မှာလည်း မိမိတို့ မျက်လုံးနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားထိ လျှော့ပေးပါ..



ပြီးရင်တော့ အောက်ပုံမှာ နောက်ထပ်စာတကြောင်း ထပ်ရိုက်ပါမယ်.. ဆက်ကြည့်လိုက်ပါ.. နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..





အပေါ်ပုံအတိုင်း စိတ်ကြိုက်ရေးပြီးရင်တော့ Layer ကနေ Type ကိုကလစ်ပေးပါ.. အောက်ပုံ


ပြီးရင်တော့ Design စာလုံးကို အနားကွပ်လေး ထည့်မှာဖြစ်တဲ့အတွက် .. အောက်ပုံအတိုင်းဆက် နှိပ်သွားလိုက်ပါ..


Stoke ဘောက်စ်ပေါ်လာရင် အောက်ပုံအတိုင်း အရောင်ရွေးပေးပါ.. ပြီးရင် Ok နှိပ်ပါ..


အောက်ပုံအတိုင်း Design စာလုံးမှာ ဘောင်ကွပ်ပြီးသားမြင်ရပါပြီ...


ဒီနေရာမှာ တခုကျန်ခဲ့ပါတယ်.. ဘာလဲဆိုတော့ အပေါ်မှာ Lwinminbo Layer နဲ့ Lwinminb Copy Layer နှစ်ခုကို အပေါ်အောက်ညီအောင် ကြည့်ကောင်းအောင် ညှိပေးဖို့ပါ..။ ဒါကြောင့် အဲဒီအဆင့်ကို ဒီနေရာမှာ ပြန်လုပ်ပါမယ်.. Layer ဘောက်စ်ထဲက Lwinminbo Copy လေယာကို တချက်ကလစ်ပါတယ်..


လေယာကို ကလစ်ပြီးရင် အောက်ပုံအတိုင်း ဆက်နှိပ်သွားပါ..



အပေါ်ပုံအတိုင်း ညီအောင်ညှိပြီးရင်တော့ Enter တချက်ခေါက်ပေးပါ.. ဒါဆိုအောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..


စာလုံး ဒီဇိုင်း လုပ်တာပြီးဆုံးသွားပါပြီ.. အောက်ကပုံကတော့ ကျနော့် စိတ်ကြိုက် ပုံလေးတွေကို ဖြတ်ထည့် ထားတာပါ.. ဓါတ်ပုံ ဖြတ်ကပ်လုပ်တာကိုတော့ နောက်တင်တဲ့ ပိုစ့်မှာ ဆက်ကြည့်ကြပါဗျာ..

အောက်ကအဆင့်တွေကတော့ လေယာတွေ ပေါင်းပြီး သိမ်းတာပါ..။ မသိသေးတဲ့သူများကတော့ ဓါတ်ပုံဆိုဒ်နဲ့ သိမ်းတာကို ဆက်ကြည့်ပေးပါ..။ A,B နေ၇ာတွေကနေ လေယာတွေကို ပေါင်းပါမယ်..





ဒီပုံတွေအတိုင်း အဆင့်ဆင့် နှိပ်သွားပြီးရင်တော့ မိမိတို့ ပြုလုပ်လိုက်တဲ့ ပုံလေးဟာ Desktop မှာရောက်လာပါပြီ..
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..