ကျွန်တော့်ဆိုဒ်ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ် ဒီဆိုဒ်လေး၏ရည်ရွယ်ချက်ကတော့ နည်းပညာလေ့လာသူ ညီအစ်ကိုမောင်နှမအားလုံးအတွက် တစ်နေရာထဲမှ စုစုစည်းစည်း ဖော်ပြချင်လို့ပါ ပြန်လည်ဝေမျှခြင်းဖြစ်သဖြင့် နားလည်ပေးနိုင်ပါစေ


Showing posts with label Windows အသုံးပြုနည်းများ. Show all posts
Showing posts with label Windows အသုံးပြုနည်းများ. Show all posts

Sunday, January 26, 2014

Windows ထဲမှာပါတဲ့ Disk Cleanup ဖြင့် အမှိုက်များရှင်းနည်း


 ကွန်ပျူတာတလုံးကို သန့်ရှင်းရေးလုပ်တဲ့ အခါမှာ ဒီ Disk Cleanup Tool လေးကိုလည်း မသုံးလို့ မဖြစ်ပါဘူး..။ ဒီကောင်လေးက စက်ထဲမှာရှိတဲ့ အမှိုက်တွေနဲ့ ဖရီးစပေ့(Free Space)တွေကို ရှင်းလင်းပေးတဲ့ နေရာမှာ ထိရောက်လှပါတယ်..။ အသုံးပြုနည်းကလည်း သိပ်မခက်ပါဘူ..။ ဒီ Tool လေးကို အရင်ဆုံး မိမိတို့ရဲ့ Desktop မှာ ရှော့ကပ်ပုံလေးအရင်ပေါ်အောင် လုပ်လိုက်ပါ..။ တခါဖွင့်ရုံနဲ့ မပြီးပါဘူး..။ နောက်တခါထပ်ဖွင့်ရမှာ မို့ပါ..။ ပုံမှာပြထားပါတယ်..။
Desktop မှာရောက်လာပြီဆိုရင် Disk Cleanup ပုံလေးကို နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ ဘောက်စ်ထဲတွင် အမှန်ခြစ်များကို တန်ဖိုးဂဏန်းရှိတဲ့ နေရာတွေမှာ တပ်ပေးပါ..။ သုည ပြထားတဲ့နေရာတွေမှာ အမှန်ခြစ်တပ်ဖို့ မလိုပါဘူး..။ အသုံးပြုနည်းလေးကို အောက်ကပုံလေးတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
ဘယ် Tool ကိုပဲဖြစ်ဖြစ် Desktop မှာထုတ်ချင်ရင် ဒီအောက်ကပုံအတိုင်းပဲ ထုတ်ပါတယ်..။ နံပါတ်စဉ်တိုင်း လိုက်လုပ်ပေးပါ..။








တကယ်လို့ အပေါ်ပုံမှာလို 3.00 MB စာသားမျိုးပါလာခဲ့ရင် OK နှိပ်ပြီး ထပ်ဖျက်ပေးလိုက်ပါ..။ အောက်ကလိုမျိုး ဘောက်စ်ပေါ်လာရင်တော့ Delete Files ကိုကလစ်လိုက်ပါ..။


အားလုံးပဲ အဆင်ပြေကြပါစေဗျာ...