ကျွန်တော့်ဆိုဒ်ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ် ဒီဆိုဒ်လေး၏ရည်ရွယ်ချက်ကတော့ နည်းပညာလေ့လာသူ ညီအစ်ကိုမောင်နှမအားလုံးအတွက် တစ်နေရာထဲမှ စုစုစည်းစည်း ဖော်ပြချင်လို့ပါ ပြန်လည်ဝေမျှခြင်းဖြစ်သဖြင့် နားလည်ပေးနိုင်ပါစေ


Showing posts with label ကိုယ့်ဆိုဒ်ကို Googleမှာရှာလို့ရအောင်. Show all posts
Showing posts with label ကိုယ့်ဆိုဒ်ကို Googleမှာရှာလို့ရအောင်. Show all posts

Friday, January 24, 2014

ကိုယ့်ဆိုဒ်ကို Googleမှာရှာလို့ရအောင် လုပ်ချင်ရင်



          Search Engine မှာရှာဖွေနိုင်အောင်လုပ်ခြင်းဟာလည်း ကိုယ့်ဆိုဒ်ကို 

လူသိများအောင်လုပ်တဲ့နည်းတွေထဲမှာတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အကယ်၍ သင့်မှာ

 ဝက်ဘ်ဆိုဒ်တစ်ခုပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ့်ဆိုဒ် ဂူးဂယ်မှာ ရှာလို့ရနိုင်ပြီလား 

စစ်ဆေးကြည့်ပါ။ မရဘူးဆိုရင်တော့ ဒီနည်းလေးနဲ့လုပ်လိုက်မယ်ဆိုရင် 

အဆင်ပြေသွားပါလိမ့်မယ်။

           ပထမဆုံးအနေနဲ့     ဒီလင့်     လေးကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ 

Google အကောင့်နဲ့ Sign In ဝင်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ 

ကိုယ့်ဆိုဒ်နာမည်ကို 

ရိုက်ထည့်လိုက်ပါ။ အောက်မှတော့ အောက်ကပုံမှာပြထားတဲ့အတိုင်းရိုက်ထည့်ပြီးရင် 



Submit Request ဆိုတာလေးကိုနှိပ်လိုက်ပါ။


                ဒီလိုပြီးရင်တော့ သင့်ရဲ့ Request ဟာ 

 
ဂူးဂယ်လ်ဆီကိုရောက်ရှိသွားမှာဖြစ်ပြီး နောက်တစ်ပါတ်လောက်အကြာမှာ သင့်ရဲ့ဆိုဒ်ကို 

Google မှာရှာဖွေနိုင်ပြီပဲဖြစ်ပါတယ် . . .။


                ဒီလိုလုပ်ပြီးတစ်ပါတ်လောက်ကြာပါက Google Search မှာ 

site:yoursite.com ဆိုပြီးစမ်းသပ်ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result တွေ 

ရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင်ရဲ့ဆိုဒ်ကို Google မှာ Bookmark 

လုပ်တာအောင်မြင်သွားပါပြီ။

             အဆင်ပြေကြပါစေနော်....

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား 

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb 

like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် 

မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 


<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
 
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။