ကျွန်တော့်ဆိုဒ်ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ် ဒီဆိုဒ်လေး၏ရည်ရွယ်ချက်ကတော့ နည်းပညာလေ့လာသူ ညီအစ်ကိုမောင်နှမအားလုံးအတွက် တစ်နေရာထဲမှ စုစုစည်းစည်း ဖော်ပြချင်လို့ပါ ပြန်လည်ဝေမျှခြင်းဖြစ်သဖြင့် နားလည်ပေးနိုင်ပါစေ


Sunday, March 30, 2014

မိမိဘလော့မှာ Email Subscribe (သို့ မဟုတ်) အသစ်တင်တိုင်း မေးလ်ထဲက ဖတ်ချင်လျှင် ဟူသော Box လေးထားချင်လျှင်

မိမိဘလော့မှာ Email Subscribe လေးထည့်ချင်ရင်တော့ ဒီလင့်လေးကိုကလစ်ပြီးအရင်သွားလိုက်ပါ။
အပေါ်ကလင့်ကို ကလစ်ပြီး သွားတဲ့ ဝက်ဆိုဒ်ကို ရောက်လျှင် အောက်ကလို အကွက်လေးကို တွေ့ ရပါလိမ့်မည်။(Email Subscribe Box လေးထည့်ချင်တဲ့ ဘလော့ဆိုဒ်ကို တော့ Sign in ဝင်ထားပါ။)
 Burn a feed right this instant အောက်ရှိ အကွက်ထဲတွင် မိမိဘလော့ဆိုဒ် လိပ်စာကို ထည့်ပါ။I am a podcaster! ရှေ့ရှိ လေးထောင့်ကွက်တွင် အမှန်ခြစ်ပေးပြီး Next ကို နှိပ်ပြီးဆက်သွားလိုက်ပါ။

ပြီးရင် Identify Feed Source ဟူသော Box ကျလာပါလိမ့်မည်။ Atom နဲ့  ယူမှာလား Rss နဲ့  ယူမှာလား သင့်စိတ်ကြိုက်ရွေးပါ ။ ကျွန်တော်ကတော့ Atom နဲ့ ပဲ ယူလိုက်ပါတယ်။ပြီးရင် Next ကို နှိပ်ပါ။

Welcome! Let us burn a feed for you. ဟူပြီး Box တစ်ခု ထပ်ကျလာပါလိမ့်မည်။Next ကိုသာနှိပ်ပြီး ဆက်သွားလိုက်ပါ။

Congrats!Your FeedBurner....little? ဟူသော Box တစ်ခု ထပ်ကျလာပါလိမ့်မည်။အောက်ခြေရှိ Next ကို နှိပ်ပြီးတော့သာ ဆက်သွားလိုက်ပါ။

နောက်ထပ် Box တစ်ခု ကျလာပါလိမ့်ဦးမည်။အောက်ခြေရှိ Next ကိုသာနှိပ်ပြီး ဆက်သွားပါ။

Get More Gusto....Statistics.ဟူသော Box တစ်ခုထပ်ကျလာပါလိမ့်မည်။ Clickthroughts-,Item...(podocast download),I want...also track ရှေ့ရှိ ဘောက်တွေမှာ မောက်စ်နှင့်ထောက်ပြီး အမှန်ခြစ်လေးတွေ ခြစ်ပြီး အောက်ခြေရှိ Next ကို နှိပ်ပြီး ဆက်သွားလိုက်ပါ။

Your feed is ready....what? ဟူသော Box တစ်ခု ကျလာပါလိမ့်မည်။ အောက်ခြေနားကို မောက်စ်နဲ့  ဆွဲပြီးကြည့်လိုက်ပါ။Publicize ကို ရှာပြီး ကလစ်ပါ။အပြာရောင်စာလုံးနှင့် ရေးထားပါသည်။


Publicize ကိုကလစ်ပြီး ဆက်သွားလိုက်ပါ။
အောက်ကပုံက Publicize ကို ကလစ်ပြီးဆက်သွားလိုက်ရင် ပေါ်လာမဲ့ပုံပါ။ ပေါ်လာတဲ့အထဲက ဘယ်ဖက်အခြမ်းရှိ Email Subscriptions ကို ကလစ်ပြီး ဆက်သွားပါ။

Email Subscriptions ကို နှိပ်ပြီး ဆက်သွားရင် ညာဖက်အခြမ်း အလယ်နားမှာ Activate ဆိုတာ ရှိပါတယ်။ Activate ကို ကလစ်ပြီး ဆက်သွားလိုက်ပါ။

Activate ကို ကလစ်ပြီး ဆက်သွားလိုက်ရင် Subscription Management ဟူသော Box ထပ်ကျလာပါလိမ့်မည်။ Copy and paste.....content.စာကြောင်းတွေ အောက်ရှိ Box ထဲမှ ကုဒ်တွေ ကို Copy ကူးလိုက်ပါ။

ပြီးရင် မိမိဘလော့ကိုဝင်ပါ။ Layout ကိုကလစ်ပါ။ပြီးရင် Add a Gadget ကို နှိပ်ပါ။

HTML/Java Script ကို ရွေးပါ။ ပြီးရင် စောနက Copy ကူးထားတဲ့ ကုဒ်တွေကို ကူး (paste) ထည့်ပါ။

Title နေရာမှာ တော့ မိမိနှစ်သက်သလို ထားပါ။ ဥပမာ။ ။အသစ်တင်တိုင်းမေးလ်ထဲက ဖတ်ချင်ရင် သင့်အီးမေးလ်လိပ်စာထားခဲ့ပါ။ပြီးရင် Save ကို နှိပ်ပါ။
ပြီးရင် Layout မှာ မိမိထားချင်တဲ့ နေရာမှာထားပါ။ပြီးရင် Save arrangement ကိုနှိပ်ပါ။ပြီးရင် View blog ကို နှိပ်ပြီးကြည့်လိုက်ပါ။


ဒါဆိုရင်တော့ Email Subscribe Box လေးလုပ်တာ အောင်မြင်သွားပါပြီ။


No comments:

Post a Comment