ကျွန်တော့်ဆိုဒ်ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ် ဒီဆိုဒ်လေး၏ရည်ရွယ်ချက်ကတော့ နည်းပညာလေ့လာသူ ညီအစ်ကိုမောင်နှမအားလုံးအတွက် တစ်နေရာထဲမှ စုစုစည်းစည်း ဖော်ပြချင်လို့ပါ ပြန်လည်ဝေမျှခြင်းဖြစ်သဖြင့် နားလည်ပေးနိုင်ပါစေ


Sunday, March 30, 2014

Call Schedule v3.3.6(အချိန်မှတ်ပြီးAuto ဖုန်းခေါ်ခိုင်းမယ်)



ကဲ…ဒီတစ်ခါတင်ပေးလိုက်တဲ့ apk ကတော့ အလန်းလေးပါပဲ။ဒီကောင်လေးရဲ့ အသုံးဝင်

ပုံလေးကတော့…… တခါတရံမှာပေါ့ဗျာ အရေးကြီးကိစ္စပဲဖြစ်ဖြစ်

ကိုယ့်သူငယ်ချင်းဘော်ဒါတွေဆီကိုပဲဖြစ်ဖြစ် ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်ပေါ့ "ဖုန်း" ဆက်ဖို့

ချိန်းထားတဲ့ အချိန်တွေကိုမေ့နေတတ်ပါတယ်။ ကျနော်အပါအဝင်ပေါ့ဗျာ။

"ချစ်ရေ…ကိုယ်မနက်ဖြန်ည ၈ နာရီတိတိမှာ ဖုန်းဆက်မယ်နော်…ဆက်ဆက်စောင့်နေ

ပါနော်" လို့ဆိုပြီး ဖုန်းဆက်ဖို့မေ့သွားခဲ့ရင်တော့လေ သွားပြီ ပြဿနာတက်ပြီ ကြေကွဲပြီ

အဲသလိုတွေဖြစ်တတ်ပါတယ်။ မပူနဲ့ မစိုးရိမ်နဲ့ အဲဒါတွေကို ဖြေရှင်းပေးနိုင်

တဲ့ application လေးတစ်ခု ရှိပါတယ်ဗျာ။ ဒီ apk လေးက ဘယ်သူ့ဆီကို ဘယ်နှခုနှစ်

ဘယ်လ ဘယ်နှနာရီ ဘယ်နှမိနစ် ဘယ်အချိန် စတာတွေကို သတ်မှတ် timmer ပေးထားပြီး

အဲဒိအချိန်ရောက်ရင် သူ့ဟာသူ Auto ဖုန်းခေါ်ပေးမှာဖြစ်ပါတယ်။

အဲ တစ်ခုတော့ရှိတယ်။သူ့ဘက်ကပြန်ထူးလို့ ကိုယ့်ဘက်က မကြားမိပဲဖုန်းမကိုင်ရင်တော့

သူဘက်ကဖုန်းမချမချင်း ဘေလ် တွေတက် နေဦးမယ်နော်။

ဟဲ ဟဲ ဒါလည်းမပူပါနဲ့ဗျာ။ ကိုယ့်ဖုန်းလေးကို auto speaker ဖွင့်ပေးထား

လိုက်ပေါ့ဗျာ။ဒါဆို တဖက်က ပြန်ထူးနေတဲ့ အသံကိုကြားနိုင်နေပြီပေါ့လေ။ဖုန်းနဲ့လူနဲ့တော့

အရမ်းကြီးဝေမနေစေနဲ့ပေါ့ဗျာ ဟုတ်ပီလား။

အောက်မှာဒေါင်းလုပ်လင့်ခ်တွေတင်ပေးထား

ပါတယ်။ ဒီကောင်နဲ့တွဲသုံးဖို့ Auto Call Recoder apk

လေးပါတခါတည်းတင်ပေးလိုက်ပါမယ်ဗျာ။ file size 168 KB ပဲရှိပြီး version 2.0 နှင့်

အထက်ဖုန်းများ အသုံးပြုနိုင်ပါတယ်။
Call Schedule
ိdownload link>>>>
https://www.dropbox.com/s/msr7fzg1awa9s4i/call.schedule39.apk

့ Auto Call Recoder apk
download link>>>>>
https://www.dropbox.com/s/x4awyxf856ho3ez/auto%20call%20recoder.apk

ref;KZT

No comments:

Post a Comment