ကျွန်တော့်ဆိုဒ်ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်းများအားလုံး ကျေးဇူးတင်ပါတယ် ဒီဆိုဒ်လေး၏ရည်ရွယ်ချက်ကတော့ နည်းပညာလေ့လာသူ ညီအစ်ကိုမောင်နှမအားလုံးအတွက် တစ်နေရာထဲမှ စုစုစည်းစည်း ဖော်ပြချင်လို့ပါ ပြန်လည်ဝေမျှခြင်းဖြစ်သဖြင့် နားလည်ပေးနိုင်ပါစေ


Wednesday, January 29, 2014

Wondershare_DVD_Slideshow_Builder



Wondershare DVD Slideshow Builder Deluxe



 မင်္ဂလာပါဗျာ Wondershare_DVD_Slideshow_Builder လေးကတော့ မိမိတို့ကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ DVD_Slideshow ဖန်တီးချင်တဲ့သူငယ်ချင်းများအတွက် ကျွန်တော်မှာသိမ်းထားတဲ့ ဟာလေးကို ပြန်လည်ဝေမျှပေးလိုက်တာပါ
ဒီကောင်လေးက စတိုင်အမျိုးမျိုးနဲ့ ဓါတ်ပုံတွေကို နောက်ခံသီချင်းလေးတွေနဲ့ ကိုယ်ကြိုက်သလို ဖန်တီးလို့ရတဲ့အပြင် movie တွေကိုပါ နောက်ခံသီချင်းထည့်လို့ရပါတယ်။ ကျွန်တော်တွေ့သမျှထဲမှာတော့ တော်တော်လေးကောင်းပါတယ်။ကျွန်တော်လည်းကြိုက်ပါတယ် အသုံးပြုနည်းကတော့ လွယ်ပါတယ်။ ကိုယ်တိုင်ပဲစမ်းသုံးကြည့်ကြပါ။
သူငယ်ချင်းတို့အတွက် crack ဖိုင်လေးပါပါတယ်။ crack ထည့်နည်းလေးကတော့ Install လုပ်ပြီးသွားပြီးရင် Desktop ပေါ်မှာပေါ်လာတဲ့ ပုံလေးကို Right click ထောက်ပြီး ပေါ်လာတဲ့အထဲက properties ကိုနှိပ်ပါ။ ပေါ်လာတဲ့အထဲက Open file location ကိုနှိပ်လိုက်ပါ။ပြီးရင် Rar ဖိုင်ကို ဖွင့်ပြီး crack ဖိုင်လေးကို ထပ်ဖွင့်လိုက်ပါ။ ပေါ်လာတဲ့ဟာလေးကို mouse နဲ့ထောက်ပြီး Desktop ပေါ်သို့ ဆွဲတင်လိုက်ပါ။ ပြီးရင်  ခုနက ဖွင့်ထားတဲ့Open file location ထဲကို Desktop ပေါ်ကဟာလေးကို ဆွဲထည့်လိုက်ပါ။ ပေါ်လာတဲ့အထဲက Continue ကိုနှိပ်လိုက်ပါ။ ပြီးရင် Apply, okနှိပ်လိုက်ပါ။ဒါဆိုရင် အသုံးပြုလို့ရပါပြီဗျာ။


လိုချင်တယ်ဆိုရင်တော့ ဒီလင့်မှာဒေါင်းယူလိုက်ပါ။

အဆင်မပြေရင် တစ်ခုခုပြောခဲ့ပါနော်
ကျွန်တော့်ဆိုဒ်ကို လာလည်တဲ့အတွက် ကျေးဇူတင်ပါတယ်။

No comments:

Post a Comment