Search Engine မှာရှာဖွေနိုင်အောင်လုပ်ခြင်းဟာလည်း ကိုယ့်ဆိုဒ်ကို
လူသိများအောင်လုပ်တဲ့နည်းတွေထဲမှာတစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အကယ်၍ သင့်မှာ
ဝက်ဘ်ဆိုဒ်တစ်ခုပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ့်ဆိုဒ် ဂူးဂယ်မှာ ရှာလို့ရနိုင်ပြီလား
စစ်ဆေးကြည့်ပါ။ မရဘူးဆိုရင်တော့ ဒီနည်းလေးနဲ့လုပ်လိုက်မယ်ဆိုရင်
အဆင်ပြေသွားပါလိမ့်မယ်။
ပထမဆုံးအနေနဲ့ ဒီလင့် လေးကိုအရင်သွားလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့Google အကောင့်နဲ့ Sign In ဝင်လိုက်ပါ။ ပြီးရင် URL ဆိုတဲ့နေရာမှာ
ကိုယ့်ဆိုဒ်နာမည်ကို
ရိုက်ထည့်လိုက်ပါ။ အောက်မှတော့ အောက်ကပုံမှာပြထားတဲ့အတိုင်းရိုက်ထည့်ပြီးရင်
Submit Request ဆိုတာလေးကိုနှိပ်လိုက်ပါ။
ဂူးဂယ်လ်ဆီကိုရောက်ရှိသွားမှာဖြစ်ပြီး နောက်တစ်ပါတ်လောက်အကြာမှာ သင့်ရဲ့ဆိုဒ်ကို
Google မှာရှာဖွေနိုင်ပြီပဲဖြစ်ပါတယ် . . .။
ဒီလိုလုပ်ပြီးတစ်ပါတ်လောက်ကြာပါက Google Search မှာ
site:yoursite.com ဆိုပြီးစမ်းသပ်ရှာဖွေနိုင်ပါတယ်။ သင့်ရဲ့ဆိုဒ်မှာရှိတဲ့ Result တွေ
ရှာဖွေရာမှာပေါ်လာပြီဆိုရင်တော့ သင်ရဲ့ဆိုဒ်ကို Google မှာ Bookmark
လုပ်တာအောင်မြင်သွားပါပြီ။
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb
like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည်
မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
မရဘူးအကို ဘလော့ နာမည်ထည့်တာမရဘူ ထပ်ရှင်းပြပေးပါဦ
ReplyDelete